Labels

Thursday, November 22, 2012

imo နဲ့ ပြည်တွင်းပြည်ပသို့ ဖုန်းပြောရအောင်



ကမ္ဘာကြီးရဲ့ဘယ်နေရာဘဲ ရောက်နေရောက်နေ internet ရှိတဲ့နေရာမှန်သမျှ imo နဲ့ဖုန်းပြောနိုင်ပါတယ်။ အင်တာ
နက်အသုံးပြုသူတိုင်း gmail အကောင့်တစ်ခုတော့ မြန်မာပြည်သားများရှိကြပါတယ်။ facebook အကောင့်လည်း
အတော်များများ အသုံးပြုကြပါတယ်။ ကဲကိုယ့်မှာ gmail အကောင့်တစ်ခုရှိရင် မိမိတို့ဟာ အမေရိကရောက်နေတဲ့
မိမိတို့ရဲ့ မိတ်ဆွေများနဲ့လည်းစကားပြောနိုင်ပါတယ်။ Android ဖုန်း တစ်လုံးပိုင်ဆိုင်ထားသူများအတွက်သာဖြစ်ပါ တယ်။ ကဲအသုံးပြုပုံလေးစလိုက်ရအောင်ဗျာ။ ပထမဆုံး imo ဆိုတဲ့ ဆော့ဝဲလေးကို ဒေါင်းပြီး install ပြုလုပ်လိုက်
ပါ။ ပြီးရင် မိမိတို့ရဲ့ gmail အကောင့်သော်၎င်း facebook အကောင့်သော်၎င်းဝင်လိုက်ပါ။ နှစ်ခုလုံးလည်း ၀င်လို့
ရပါတယ်။ ကဲဒီနှစ်မျိုးအသုံးပြုနည်းဘဲပြောတော့မယ် ကျန်တာကတော့ သိလောက်ပြီ။ကိုယ် voice call ခေါ်မည့် သူမှာလည်း imo ကိုအသုံးပြုသူ ဖြစ်နေရပါမယ်။ gmail / facebook အကောင့်နှစ်ခုလုံးဝင်ပြီးပြီဆိုရင်တော့ မိမိရဲ့သူငယ်ချင်းတွေနဲ့ voice call ခေါ်လို့ရပါပြီဗျာ။ chat တင်လုပ်တာလည်း အရမ်းကောင်းတယ် ဓါတ်ပုံတွေကို
လည်း အပြန်အလှန်ပေးပို့လိုရပါတယ်။ မိမိတို့ရဲ့ဖေ့ဘုတ်အကောင့် ဂျီမေးအကောင့်ပွင့်လာပြီဆိုတာနဲ့ အွန်လိုင်း
မှာရှိသူထဲက imo အသုံးပြုသူတွေဟာ Call ပုံလေးပြနေပါတယ် ဒါဆိုရင်အဲဒီမိတ်ဆွေကို Voice Call ခေါ်လို့ရပါ
ပြီနော်။ ကျုပ်စာနဲ့ရေးပြတာထက် လက်တွေ့ဒီလိုလေးလုပ်ရတယ်ဆိုတာ ပြရတာကလွယ်ကူတယ်။ ကဲမရှင်းရင်
ပုံလေးကြည့်ပြီး လုပ်ရှားလိုက်တော့ဗျာ။ ကဲဗျာ ကျုပ်ရဲ့ဘော်ဒါတွေ imo သုံးပြီး ကျုပ်ဆီကို ဖုန်းဆက်နိုင်ပါပြီ။




မိမိတို့ရဲ့ အမေရိကရောက်နေတဲ့သူငယ်ချင်းတွေ စင်္ကာပူရောက်နေတဲ့သူငယ်ချင်းတွေကို gmail အကောင့်နဲ့ဖိတ်
ပြီး ဖုန်းပြောနိုင်သလို facebook မှာလည်းပြောနိုင်တယ်။ Skype တို့ Yahoo တို့ကတော့ ကျုပ်မသုံးတော့ မပြော
တော့ဘူး သုံးမှမသုံးတာကိုးဗျ။ မရှင်းတာများရှိသေးလား မရှင်းရင် နောက်တစ်ခါပေါ့ဗျာ။ ဖုန်းခေါ်ကြဦးနော်
ဖေ့ဘုတ်ကဘော်ဒါတို့။ ဂျီမေးက ဘော်ဒါတို့ ကျုပ်မှာ အင်တာနက်ဖုန်းတတ်ထားပေမယ့် imo မသုံးကြတော့
ဖုန်းကို မပြောရပါဘူးဗျာ။ ဖုန်းလေးပြောလာအောင်လို့ imo ရဲ့ကောင်းကြောင်းလေးရေးလိုက်တာပါ။ ဒါမှ ကိုယ့်
လူတွေ imo နဲ့ဖုန်းပြောကြမှာလေ။
 လက်ဖက်ရည်ဆိုင်က အင်တာနက်အခမဲ့သုံးပြီး ကမ္ဘာတစ်ဝန်းက မိတ်ဆွေတွေကို ဒီလိုဖုန်းပြောနိုင်တယ်ဆိုတဲ့
အကြောင်း စေတနာကောင်းနဲ့ ကျုပ်မိုးကောင်းကင် တင်ဆက်လိုက်ပါတယ်။ သဘောကျရင် လက်ခုပ်သံလေး
ကြားချင်တယ် ဖုန်းသံလေးကြားချင်တယ်။ ကဲ imo ဆော့ဝဲကို အောက်မှာ ဒေါင်းလော့ချပြီး install လိုက်ပါ။
ဒါပြီးရင် ဖေ့ဘုတ်အကောင့်တို့ ဂျီမေးအကောင့်တို့ ၀င်ကြပါတော့ဗျာ။ဆော့ဝဲတွေ လေးငါးခြောက်ခု တစ်ခါတည်း
တင်ပေးထားတယ်နော်။ ကျုပ်သဘောကျတဲ့ ရှယ်လေးတွေဘဲ။ တစ်ခါဆွဲရုံနဲ့ ပြည့်ပြည့်စုံစုံလေးရသွားမယ်။

ဓါတ်ပုံအခက်အခဲကြောင့် ပုံနဲ့ပြသတဲ့နေရာမှာ ကျုပ်သုံးတဲ့အတိုင်း ထပ်တူတော့မကျပါ။ ဒါပေမယ့် စမ်းသပ်ကြည့်
ပါ လွယ်လွယ်လေးပါနော်။ မိမိပြောလိုတဲ့ မိတ်ဆွေဟာ အွန်လိုင်းမှာလည်းရှိမယ် imo ဆော့ဝဲလည်းထည့်သွင်း
အသုံးပြုထားမယ် gmail facebook အကောင့်လည်း ၀င်ထားမယ်ဆိုရင် ဆက်သွယ်လို့ရပါပြီ။

♣♣♣♣   Download imo and All Software  ♣♣♣♣

♣♣♣♣ Download only imo   ♣♣♣♣
 

No comments:

Post a Comment